September 7, 2015

Healing Myanmar Flood



၂၀၁၅ခုနှစ် ဇူလိုင်လမှစတင်ပြီး မြန်မာနိုင်ငံ နေရာအနှံ့အပြားရှိ များလှစွာသော အိမ် လယ်ယာမြေ ကျောင်းကန်များကို အပြင်းအထန် ရေလွှမ်းမိုးခြင်း ခံခဲ့ရပါတယ်။ တစ်ချိန်ထဲမှာပဲ ဒေသခံများရဲ့ အိမ်မက်တွေနှင့် မျှော်လင့်ခြင်းတွေ ဖျက်ဆီးပစ်ခြင်း ခံခဲ့ရပါတယ်။ အဆိုပါရေဘေးဟာ မြန်မာနိုင်ငံ သမိုင်းမှာဆိုရင် ဆယ်စုနှစ်ပေါင်းများစွာအနက် အဆိုးရွားဆုံးသော သဘာဝဘေးအန္တာရာယ်တစ်ခုအဖြစ် သတ်မှတ်ခြင်း ခံထားရပါတယ်။ တိုင်းနှင့်ပြည်နယ်ကြီး ၁၄ခုရှိတဲ့ထဲမှာ အနည်းဆုံး ၁၀နေရာကို ထိခိုက်စေခဲ့ပါတယ်။ အဆိုပါ ရေဘေးကြောင့် လူသိန်းချီ ရွေ့ပြောင်းခဲ့ရပြီး သူတို့ရဲ့ လူနေမှုဘ၀များစွာ နစ်နာခဲ့ရပါတယ်။ အခုအချိန်မှာ ရေကျနေပြီဖြစ်တဲ့ ဒေသတွေရဲ့ ပညာရေး ကျန်းမာရေး စတဲ့ လူမှုပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ ကျွန်တော်တို့ အားလုံးအနေနဲ့ တတက်တအား ပါဝင်ကူညီပေးဖို့ အရေးကြီးသော အချိန်အခါ ဖြစ်နေပါပြီ။
Myanmar has been suffering from the recent flood disaster starting from July of 2015. This particular flood is being regarded as one of the worst natural disasters in Myanmar over the decades. It demolished many homes, farms, monasteries and schools. Dreams and hopes of the victims were perished. Most of the cities in 10 out of 14 States/Divisions went under water. Reportedly, up to 150,000 people had been displaced or had their livelihoods affected as a result of this terrible and unfortunate flood. It's time for all of us unitedly to rebuild their lives, to recover their health, and to re-establish their education.
ယခု "Healing Myanmar Flood" #HealingMyanmarFlood ခေါင်းစဉ်နှင့် Social Media Campaign တစ်ခုကို စတင်လိုက်ပါတယ်။ ဒီ Campaign လုပ်တဲ့ ရည်ရွယ်ချက် ကတော့ အခုလို ဘေးဒုက္ခတွေ ရောက်နေချိန် တစ်နိုင်လုံးမှ အတတ်နိုင်ဆုံး အဘက်ဘက်က ကူညီတဲ့အချိန်မှာ ပြန်လည်ထူထောင်ရေးကာလာသည် ရေလွှမ်းမိုးနေသော ကာလထက် ပိုပြီး အရေးကြီးလှကြောင်း *Awareness* မြှင်တင်ဖို့ တည်ထောင်ထားတာဖြစ်ပါတယ်။ အနယ်နယ်အရပ်ရပ်က ရေလွှမ်းသွားခဲ့လို့ ပြိုလဲပျက်စီးသွားတဲ့ ကျန်းမာရေးနှင့် ပညာရေး အစိတ်အပိုင်းများသည် ပြန်လည်ထူထောင်လာစေဖို့ အင်မတန်မှပင် အရေးကြီးလှပါသည်။
We would like to initiate a social media campaign, titled as "Healing Myanmar Flood". #HealingMyanmarFlood The purpose of this campaign is to raise awareness of the importance of resettlement period as this period is much more critical than the actual flood itself since a lot of dreams and hopes were destroyed. Now is a very important time to rebuild their lives, to recover their health, and to re-establish their education.
ပြိုလဲပျက်စီးသွားတဲ့ မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်က ကျန်းမာရေးနဲ့ ပညာရေး အစိတ်အပိုင်းများကို ပြန်လည်ထူထောင်ရေးအတွက် တစ်စိတ်တစ်ပိုင်းမှ ပါဝင်လှူဒါန်းလိုပါက
ဆက်သွယ်ရန် - Ma Natasha Nyein (Mobile: 09423740203, 09799979237)
Email: emg@emgmm.com
Bank Account Name: E M GROUP CO. LTD (KBZ Kamayut Branch)
Bank Account Number: 0211230003521
EMG Foundation အနေဖြင့် ပြန်လည်ထူထောင်ရေးအတွက် အမှန်တကယ် လှုပ်ရှားနေသော Wai Lu Kyaw Foundation, Daw Khin Kyi Foundation နှင့် အစရှိသည့် အဖွဲ့အစည်းများဖြင့် ပူးပေါင်းကာ ပြန်လည်ထူထောင်ရေးအတွက် လှုပ်ရှားသွားပါမည်။
If you would like to kindly donate for the cause of resettlement at health and education sectors of flood victims across Myanmar, please contact above. We will be collaborating with well recognized local foundations.
Recognition:
"Healing Myanmar Flood" ကို အဘက်ဘက်က ကူညီ ပေးကြတဲ့သူ အားလုံးနှင့် ကျေးဇူးတင်ထိုက်သူများ အားလုံးကို EMG မှ ကျေးဇူးအထူးတင်ရှိပါသည်။ အနုပညာဖြင့် ပါဝင်ပံ့ပိုးကူညီပေးကြသော အနုပညာ ညီအကို မောင်နှမများ၊ ဓာတ်ပုံများကို အင်တိုက်အားတိုက် ရိုက်ကူးပေးသော Love Space Photo Studio မှ Photographer ကိုအောင်ဇော်၊ Graphic Retouch ကိုညီညီ နှင့် အဖွဲ့သားများ၊ ရိုက်ကူးရေးနေရာစီစဉ်ပေးသော Shambalar Wellness Spa၊ Shooting Setting စီစဉ်ပေးသော ပစ်တိုင်းထောင်အဖွဲ့သားများ နှင့် အခြား အဘက်ဘက်မှ ပံ့ပိုးပေးခဲ့သူများအားလုံးကို EMG ၏ Digital Social Media အဖွဲ့မှ ကျေးဇူးအထူးတင်ရှိပါသည်။
EMG's Digital Social Media team would like to send its sincerest gratitudes towards all those who made "Healing Myanmar Flood" happened and supported us especially to all our celebrities brothers and sisters, photographer Ko Aung Zaw, Graphic retoucher Ko Nyi Nyi and their crew from Love Space Photo Studio, Shambalar Wellness Spa; the shooting place sponsor, Pyitainghtaung; the shooting setting producer and all the other supporters.
#HealingMyanmarFlood

No comments: